ခံစားမှုတွေ
သက်သာအောင်
အလွမ်းထင်စတွေနဲ့ မီးမွှေး
တစ်ကိုယ်တော် မီးလှုံခဲ့ပါရဲ့
တမ်းတခြင်းလည်း
ပြာအတိ မဖြစ်ခဲ့။
ဒဏ်ရာတွေလည်း
မလောင်ကျွမ်းခဲ့။
တောင်တသံတွေ ... ညံလို့။
လေညှင်းတွေ ... တိုးဝှေ့လို့။
ညနေခင်းတွေ ... ငိုလို့။
မှတ်ချက်။ ။ ဟိုး..အဝေးက အပြုံးကို
ဖန်ဆင်းသော်
တိမ်စိုင်တို့ဖြစ်၍
တစိမ့်စိမ့်
........ မိုးတွေ .... ရွာလို့။
ငယ်ဇင်လင်းဦး
အာစီ-တူးမှာ ကျောင်းတက်တုန်းက သူငယ်ချင်း ဇော်ထွေးရဲ့ အမှတ်တရ လက်ဆောင်ကဗျာလေးကို ပြန်တင်ထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment